When It Is Time (အချိန်တန်တဲ့အခါ)
Poem · By Atom Apps
Don’t wear your soul thin, trying to force a door, that was never ready to open. မဖွင့်သေးတဲ့ တံခါးတစ်ချပ်ကို အတင်းတွန်းရင်း ကိုယ့်စိတ်ကို မကုန်ခန်းစေနဲ့။
When It Is Time
Don’t wear your soul thin
trying to force a door
that was never ready to open.
Some roads stay silent
no matter how hard you run,
some skies refuse to rain
no matter how long you wait.
And the ones who made it—
maybe they did not conquer time;
maybe time simply arrived
and called their name.
So don’t mistake delay
for defeat.
A flower does not bloom
because it tries harder than the rest.
It blooms
when its season comes.
Maybe life is the same.
Not everything happens
because we pushed enough.
Some things happen
because, at last,
it was time.
------------------------------------
အချိန်တန်တဲ့အခါ
မဖွင့်သေးတဲ့ တံခါးတစ်ချပ်ကို
အတင်းတွန်းရင်း
ကိုယ့်စိတ်ကို မကုန်ခန်းစေနဲ့။
တချို့လမ်းတွေက
ဘယ်လောက်ပြေးပြေး တိတ်နေတတ်တယ်၊
တချို့မိုးတွေက
ဘယ်လောက်စောင့်စောင့် မရွာသေးဘူး။
ဖြစ်လာခဲ့တဲ့လူတွေဆိုတာလည်း
အချိန်ကို အနိုင်ယူခဲ့တာ မဟုတ်ချင်မဟုတ်ဘူး၊
သူတို့အချိန် ရောက်လာပြီး
သူတို့နာမည်ကို ခေါ်ခဲ့တာလည်း ဖြစ်နိုင်တယ်။
ဒါကြောင့်
နောက်ကျနေတာကို
ရှုံးနိမ့်နေတာလို့ မထင်နဲ့။
ပန်းတစ်ပွင့်ဟာ
တခြားပန်းတွေထက် ပိုကြိုးစားလို့
ပွင့်လာတာ မဟုတ်ဘူး။
သူ့ရာသီရောက်လာလို့
ပွင့်လာတာ။
ဘဝလည်း အဲ့ဒီလိုပဲ ဖြစ်နိုင်တယ်။
အရာအားလုံးဟာ
ကြိုးစားလွန်းလို့ ဖြစ်လာတာ မဟုတ်ဘူး။
တချို့အရာတွေက
အချိန်တန်တဲ့အခါ
သူ့ဘာသာ
ဖြစ်လာတာ။